ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ ဈေးဆိုင်တန်းများကို အကြမ်းဖက် စစ်ကောင်စီတပ် တွေက မီးရှို့ဖျက်ဆီးတာ၊ ဒေသခံများကို မောင်းထုတ်တာတွေ ပြုလုပ်နေတယ်လို့ မနေ့က ရက်စွဲနဲ့ KNU(ဗဟို)က ထုတ်ပြန်လိုက်ပါတယ်။
မုန်းမြို့အတွင်းက ဈေးဆိုင်တန်းတွေကို အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာ ၂၀ ရက်မှာ မီးရှို့တာတွေ မလုပ်မီ ၅ရက်ခန့် အလိုမှာ စျေးဆိုင်တန်းတွေမှာရှိတဲ့ ပစ္စည်းတွေကို ဖောက်ထွင်းပြီး စျေးပေါပေါနဲ့ လိုက်လံရောင်းချခဲ့သေးတယ်လို့ ဆိုပါတယ်။
စျေးဆိုင်တွေကို ဖောက်ပြီးကြက်ဥတစ်လုံးကို တစ်ရာ၊ဘောင်းဘီတစ်ထည်ကို တစ်သောင်းတည်းနဲ့ လိုက်ရောင်းနေတယ်လို့ စျေးသွားဝယ်တဲ့ ဒေသခံ တစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရေးသားထားတာလည်း တွေ့ရပါတယ်။
ဒါအပြင် ရေခဲသေတ္တာနဲ့ တခြားပစ္စည်းတွေကိုလည်း ဖျက်ဆီးခဲ့တဲ့အပြင် တံတားပေါ်မှာ ပစ္စည်းတွေကို ဖျက်ဆီးပြီး မုန်းချောင်းထဲသို့ ပစ်ချပြီး ဒေသခံတွေကိုလည်း အတင်းအဓမ္မမောင်းထုတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။