အကြမ်းဖက် စစ်ကောင်စီထောင်ထားတဲ့ မိုင်းအလုံးပေါင်း ၃၀ ကျော်ကို မိုးဗြဲ PDFက ရှင်းလင်းခဲ့တယ်လို့ ၁၀၀၁ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
မိုးဗြဲမြို့ပေါ်က အကြမ်းဖက် စစ်ကောင်စီတပ်စွဲထားတဲ့ နေရာအနီးမှာ အောက်တိုဘာ ၂၃ရက်နေ့ကနေ ၂၅ရက်နေ့အထိ ၃ရက်တာအတွင်း တပ်ရင်းအမှတ် (၁၀၀၁)မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ၁ နဲ့ မဟာမိတ်တပ်ဖွဲ့ တွေ(KA,KNDF)က ပူးပေါင်းပြီး မိုင်းရှင်းလင်းရေးဆောင်ရွက်ခဲ့တာပါ။
မိုင်းရှင်းလင်းရေးလုပ်ဆောင်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ထောင်ထားတဲ့ ၁၄/၁၆ နင်းမိုင်း စုစုပေါင်းအလုံး ၃၀ ရှင်းလင်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီရှင်းလင်းရရှိတဲ့ မိုင်းတွေကို မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ရင်း ၁ကထိန်းသိမ်းထားတယ်ဆိုတာနဲ့ ပြည်သူလူထုလုံခြုံရေးအတွက် ကြိုးစားဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။
ယခင်က အကြမ်းဖက်စစ်ကောင်စီနှင်းမိုင်းတွေ မိပြီး ဒဏ်ရာရရှိသောပြည်သူတွေရှိခဲ့တာကြောင့် တော်လှန် ရေးအင်အားစုက ဖြတ်သန်းသွားလာခြင်းမပြုလုပ်ဖို့ တားမြစ်ထားတဲ့ နေရာတွေကို ပြည်သူတွေအနေနဲ့
လိုက်နာကြဖို့နဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာအနီးတွေမှာ သွားလာ နေထိုင်မှုရှောင်ရှားဖို့ကိုလည်း သတိပေးတိုက်တွန်းထားပါတယ်။