ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ(ညောင်လေးပင်) ခရိုင် တပ်မဟာ (၃)၊ မူး(မုန်း)မြို့နယ်အတွင်းက ပြည်သူ့ နေအိမ်တွေကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ပြည်သူ ၃ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွားတယ်လို့ KNUက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်သားတွေဟာ စက်တင် ဘာ ၁၄ရက်က ကေအဲန်ယူ−မူးမြို့နယ်အုပ်ချုပ်နယ်မြေအတွင်းက ငထွေစုတ်ကျေးရွာအတွင်းကို ဝင်ရောက် စစ်ကြောင်းထိုးခဲ့တာပါ။
အကြမ်းဖက် စစ်သားတွေ ဝင်ရောက်နေချိန်မှာ ကျေးရွာအတွင်း ပြည်သူ (၈) ဦးကျန်နေခဲ့ပြီး ထွက် ပြေးဖို့ ကြိုးစားခဲ့ပေမယ့် အဲဒီထဲကနေ နော်ဒိုဂေ (၆၀) နှစ် ၊ နော်ဒိုင်ရီစိုး (၅၀) နှစ် နဲ့ မမြသန်းစိန် (၃၀) နှစ်တို့ဟာ စစ်ကောင်စီတပ်ရဲ့ အကြောင်းမဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရကာ ကျေးရွာအတွင်းက နေအိမ် (၁၂) လုံးမှာလည်း မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ငထွေစုကျေးရွာနဲ့ မျက်ရဲကျေးရွာတွေအတွင်း စစ်ကြောင်းထိုးဝင်ရောက်ပြီး တပ်စွဲထားတဲ့အတွက် စက်တင်ဘာ (၁၅) ရက်ကလည်း ရေလဲကရင်ရွာနဲ့ ရေလဲဗမာရွာက အိမ်ခြေစုစုပေါင်း (၁၉၂) လုံးရှိ လူဦးရေ စုစုပေါင်း (၁၅၃၄) ဦးမှာ အသက် ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာပါ။
ရန်မျိုးအောင်ရွာ နဲ့ တမောမရွာရှိ နောက်ထပ် အိမ်ခြေ (၁၂) လုံးက လူဦးရေ စုစုပေါင်း (၇၀) မှာ ရေဘေးအန္တရာယ်ကိုလည်း ရင်ဆိုင်ကြုံတွေ့ နေရတယ်လို့ ဆိုပါတယ်။