မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ရေလယ်ကျွန်းဒေသမှာ အကြမ်းဖက် စစ်တပ် နဲ့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တို့ ၂ ရက်တာ တိုက်ပွဲ အတွင်း အကြမ်းဖက်စစ်တပ်က လူနေအိမ်ခြေ ၃၄ လုံးကို မီးရှို့ ဖျက်ဆီးသွားခဲ့ပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ဒေသ ခံနေအိမ်တွေအတွက် အောက်တိုဘာ ၂၃ ရက်နေ့က မြင်းခြံ ပြည် သူ့ကာ ကွယ်ရေးတပ်ဖွဲ့မှ ပြည်သူများရဲ့ ထောက်ပံ့ လှူဒါန်း ငွေများ ဖြင့် ကူညီ ပံ့ပိုး မျှဝေပေးခဲ့တယ်လို့ Myingyan Black Tiger PDF မှ အောက်တိုဘာ ၂၃ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။
မီးဘေးသင့်ပြည်သူများအတွက် အခုလို ကူညီပေးနိုင်ရန် အဓိက ကူညီလှူဒါန်းပေးခဲ့တဲ့ Frontlinevoice နှင့် ပြည်သူ ၁ ဦးချင်းစီကို လည်းအထူးပင် ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ် တယ်လို့ ဖော်ပြထားပါတယ်။