မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ အကြမ်းဖက် စစ်သားအလောင်းတွေကို သယ်ပြီးပြန်လာတဲ့ ကားမိုင်းဆွဲ ခံရပြီး လွင့်စင်သွားခဲ့တယ်လို့ မြိုင်ပကဖက တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။
ကိုင်းတောမကနေ စက်မှု၂ အလောင်းတွေကို ပြန်သယ်လာတဲ့ အကြမ်းဖက် စစ်ကားတစီးကို အောက်တို ဘာ ၄ရက် မြိုင်ပကဖ တပ်ရင်း၁ တပ်ခွဲ ၁၊ တပ်ရင်း၃ တပ်ခွဲ၁(ဝံပုလွေပြောက်ကျား) နဲ့ MUGDFတပ်ဖွဲ့တွေက မိုင်းပွိုင့်၃ပွိုင့် မိုင်း၆လုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။
ဒီတိုက်ခိုက်မှုအတွင်း အဲဒီစစ်ကားမှာ လမ်းဘေးကိုလွင့်ထွက်သွားခဲ့ပြီးတော့ သစ်ပင်ကို ဝင်တိုက်ခဲ့တာကြောင့် အကြမ်းဖက် စစ်သား ၄ဦးမှာ စေနိုင်လောက်အောင် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
အဲဒီကားပေါ်ကနေ MA3 သေနတ်တလက် ပြုတ်ကျခဲ့ပြီး မိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားလို့ တိုက်ပွဲဝင်ရန် မသင့်တော်တော့ဘူးလို့ အသိပေးဖော်ပြထားပါတယ်။