မြန်မာနိုင်ငံရဲ့ ပိုမိုဆိုးရွားလာတဲ့ အခြေအနေနဲ့ပတ်သက်လို့ အလွန်အမင်း စိုးရိမ်မိတယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီတို့က ပူးတွဲထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
မြန်မာစစ်တပ်ရဲ့ အကြောင်းမဲ့ ထိန်းသိမ်းထားသူတွေအားလုံးကို လွှတ်ပေးဖို့နဲ့ အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုပြုလုပ်ဖို့လည်း ဂျိုးဘိုင်ဒင်နဲ့ မိုဒီတို့က တောင်းဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံကို အားလုံးပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီစနစ်တစ်ခုအဖြစ် အသွင်ကူးပြောင်းဖို့လည်း ခေါင်းဆောင်နှစ်ဉီးက ထုတ်ပြန်ချက်အတွင်း တောင်းဆိုခဲ့ပါတယ်။
နာရင်ဒရာမိုဒီဟာ ၂၀၁၄ ခုနှစ်မှာ အာဏာရရှိပြီးနောက်ပိုင်း အမေရိကန်နိုင်ငံသို့ ပထမဆုံးသော ၃ ရက် ကြာ တရားဝင် ခရီးစဉ်အနေနဲ့ သွားရောက်ခဲ့တာဖြစ်ပါတယ်။
ခရီးစဉ်အတွင်း နာရင်ဒရာမိုဒီက အမေရိကန်ကွန်ဂရက်ရှေ့မှောက် မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ရာ အမေ ရိကန်လွှတ်တော်ရှေ့မှောက် မိန့်ခွန်းနှစ်ကြိမ် ပြောကြားခွင့်ရရှိတဲ့ ပထမဆုံးသော အိန္ဒိယဝန်ကြီးချုပ် ဖြစ်လာပါ တယ်။
ခေါင်းဆောင်နှစ်ဉီးဟာ တွေ့ဆုံဆွေးနွေးမှုအပြီးမှာ ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး နယ်ပယ် ပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်ဖို့ ထပ်လောင်းအတည်ပြုခဲ့ပါတယ်။
နည်းပညာနယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်ဖို့၊ ကမ္ဘာ့ငြိမ်းချမ်းရေးမှာ ဉီးဆောင်အခန်းကဏ္ဍမှ ပါဝင်ဖို့နဲ့ နှစ်နိုင်ငံဆက်ဆံရေးကို မဟာဗျူဟာမြောက်မိတ်ဖက်အဆင့် တိုးမြှင့်ဖို့ ခေါင်းဆောင်နှစ်ဉီးက သဘောတူခဲ့ပါ တယ်။