ယနေ့ (ဇွန်လ၂၀) ကျရောက်သည့် ကမ္ဘာ့ဒုက္ခသည်များဆိုင်ရာနေ့ (World Refugee Day ) တွင် LOCOA အဖွဲ့ဝင် အင်ဒိုနီးရှားနိုင်ငံမှ ပြည်သူများက စစ်အာဏာရှင်ကြောင့် ဒုက္ခရောက်နေကြရသည့် မြန်မာပြည်သူများအတွက် အာဆီယံရုံးရှေ့တွင် စစ်ကောင်စီကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ကြသည်။
စစ်ကောင်စီသည် မြန်မာပြည်သူများအပေါ် ဖိနှိပ်သတ်ဖြတ်မှုများ ချက်ချင်းရပ်တန့်ရန်နှင့် နိုင်ငံတကာက စစ်ကောင်စီကို အရေးယူရန် တောင်းဆိုဆန္ဒပြခဲ့ပြီး အင်ဒိုနီးရှားပြည်သူများက အဖိနှိပ်ခံ မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ပြသခဲ့ကြသည်။