စက်တင်ဘာလ (၂၂) ရက်၊ နေ့လည် (၂) နာရီတွင် အင်မထိ ပျူရွာ သို့ မောင်းသူမဲ့ လေယာဉ်များဖြင့် အီနာဂါ (၁၂) ဖူး ချပြီး ဝေဟင် တိုက်ခိုက်ခဲ့ကြောင်း Myaing UAV Fighter မှ သတင်းထုတ်ပြန်ကြေငြာခဲ့ပါသည်။
စက်တင်ဘာ ၂၂ ညနေ (၅) နာရီခွဲခန့်တွင်လည်း ကန်နီပျူရွာ သို့ အီနာဂါ (၈) ဖူးချကာ ဝေဟင် တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး Drone တပ်ဖွဲ့၊ မြိုင် ပကဖ-Myaing UAV Fighter အဖွဲ့၊ မြိုင်ပကဖ တပ်ရင်း (၂)၊တပ်ခွဲ(၅)၊ Pakokku Earthquake, MPL တိုက်နယ်-၄ ပကဖတို့ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းထုတ်ပြန်ထားပါသည်။