ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရှိ စစ်တပ်ပိုင် အင်း၀ဘဏ် အနီး တွင် ဗုံးပေါက်ကွဲကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
စက်တင်ဘာလ ၃၀ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်အချိန် အင်းစိန်မြို့နယ်၊ စော်ဘွား ကြီး ကုန်း၊ အင်း၀ဘဏ်အနီးတွင် ဗုံးပေါက်ကွဲသံကျယ်လောင်စွာ ထွက်ပေါ်ခဲ့ကြောင်း၊ စစ်တပ်ပိုင် အင်း၀ဘဏ်နှင့် ယာဉ်ထိန်းရဲအနီးတွင် ဗုံးပေါက်ကွဲခြင်းဖြစ်ကြောင်း ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
“ဒီည ၇ နာရီ ၄၀လောက်မှာ အင်းစိန်မြို့နယ် စော်ဘွားကြီးရပ်ကွက်နား ပေါက် ကွဲ သံ အသံကျယ်ကြီးတစ်ခုကြားလိုက်ရတယ်။ အိမ်တွေတောင် တုန်တယ် အင်းဝဘဏ်ဘေး၊ စော်ဘွားကြီးကုန်း၊ မော်တော်ပီကယ်ရုံးအနားမှာ ဗုံး ပေါက် တယ်လို့ သိရပါတယ်” ဟု ဒေသပြည်သူက ရှင်းပြသည်။
အလားတူ စက်တင်ဘာလ ၃၀ ရက်နေ့ ည ၇ နာရီ ၃၅ မိနစ်မှ ည ၇ နာရီ ၄၀ မိနစ်အတွင်း မြောက်ဒဂုံ၊ မရမ်းကုန်း၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ တို့တွင် ပေါက်ကွဲသံများ ကျယ်လောင်စွာ ထွက်ပေါ်ခဲ့ကြောင်း ရန်ကုန်မြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ သတင်းပေးပို့ကြသည်။