ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသကရွာတွေမှာ PNO က ဦးဆောင်ပြီး တပ်သားသစ်စုဆောင်းတာ နှစ်ရာကျော်ရှိသွားပြီလို့ သိရပါတယ်။
စံကားအုပ်စုမှာ ရွာပေါင်း ၆၀ ထဲက ထီရီး ၁၅ ၊ထီဟန်းတား ၇၊ အောင်ချမ်းသာ ၅၊ ဟူရမ်း တောင် ၅၊ ဟူရမ်းမြောက် ၆ ယောက်နဲ့စံကားလွယ်ခေါ်ရွာက ၁၀ ယောက်ပါသွားကြတယ်လို့ သိရပါတယ်။
မှော်ဘီကနေ ထီရီးအထိ စုဆောင်းထားတဲ့ တပ်သားသစ် စုစုပေါင်း ၂၀၀ ကျော်လို့သိရပါတယ်။
‘အိမ် ၁ အိမ်ကို ၈ သိန်းခွဲကောက်တယ်၊ အိမ်တိုင်းကောက်တယ်၊ လူငယ်တွေက မသွားချင်ကြဘူး၊ ပအိုဝ်းရွာကလူတွေ မဲနှိုက်ကြရတယ်။ မသွားမနေရဆိုတော့ ရွာမှာ သွားနိုင်တဲ့သူကို ပိုက်ဆံပေး ငှားရတယ်၊အရင် ပေါ်တာခေတ်မှာ လူငှားထည့်သလိုမျိုး၊ အဆင်ပြေရင် အချိန်မီရှောင်ကြပါ’ လို့ လူထုအတွက် တရားမျှတမှုဖော်ဆောင်ရေးအဖွဲ့-အင်းလေး((JMC) က ဒါရိုက်တာ ယုလှိုင်သင်းကပြောပါတယ်။
အင်းလေးကန်ဒေသမှာ ရွာပေါင်း ၄၄၅ ရွာရှိပြီး စံကားအုပ်စုမှာ ရွာ ၆၀ ရှိတဲ့အနက် ပအိုဝ်းရွာက ရွာပေါင်း ၄၀ ပါဝင်နေတာ ဖြစ်ပြီး လူဦးရေ ၁ သောင်းကျော် နေထိုင် နေတယ်လို့သိရပါတယ်။