ကရင်ပြည်နယ်၊ ကေအန်ယူ တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်၊ တောင်ပိုင်းစစ်ဒေသကို အဆင့်မြင့် စနိုက်ပါ သေနတ် တစ်လက်နဲ့ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား တစ်ဦးကို ကော်ဘရာ စစ်ဆင်ရေးမှူးက ဂုဏ်ပြုဆုငွေ ထိုင်းဘတ်ငွေ တစ်သိန်း ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့မှာ စစ်ကောင်စီရဲ့ တပ်မ (၄၄) လက်အောက်ခံ ခမရ (၉) က တပ်သား တစ်ဦးဟာ 338 sniper တစ်လက်၊ 338 ကျည် ၅၀ တောင့် ယူဆောင်ပြီး ကော်ဘရာ စစ်ကြောင်းထံ အလင်းဝင်ခဲ့တာ ဖြစ်ပါတယ်။
တပ်မဟာ (၆) နယ်မြေ၊ တောင်ပိုင်းစစ်ဒေသ အခြေစိုက် ကော်ဘရာ စစ်ကြောင်း အပါအဝင် တော်လှန်ရေး ပူးပေါင်းတပ်တွေနဲ့နဲ့ စစ်ကောင်စီ တပ်မ (၄၄) အပါအဝင် တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း မြဝတီမြို့အနီး လက်ခတ်တောင် အနီးဝန်းကျင်မှာ တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းကလည်း စစ်ကောင်စီတပ် ဒုတပ်ကြပ် တစ်ဦးနဲ့ တပ်သား တစ်ဦးတို့ဟာ လက်နက် ခဲယမ်းတွေနဲ့အတူ တပ်မဟာ (၆) KNLA ပူးပေါင်းတပ်ထံ အလင်းဝင်ခဲ့ပါသေးတယ်။