အဆုံးသတ်တိုက်ပွဲအတွက် ပြည်သူလူထု၏ပူးပေါင်းပါဝင်မှုကို တောင်းခံကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဖယ်ခုံဇုန်က ယနေ့ ထုတ် ပြန်သည်။
ယခုအချိန်သည်နွေဦးတော်လှန်ရေးအတွက် အဆုံးဖြတ်ကာလဖြစ်ပြီး ကရင်နီပြည်နယ်တွင် နိုဝင်ဘာလ ၁၁ ရက်ကစတင်ပြီး (11.11 Operation) ကို ဆင်နွှဲလာခဲ့ရာ ဖယ်ခုံ၊ ပင်လောင်း၊ မိုးဗြဲနှင့် အရှေ့ဘက်ကမ်းဒေသတွင်လည်း တော်လှန်စစ်များ ကြီးထွားလာကြောင်း အသိပေးသည်။
“မြို့သိမ်းတိုက်ပွဲတွေ ဆက်တိုက်လာလိမ့်မယ်။ဒါကြောင့် လူထုအားလိုပါတယ်။ဝန်းရံကြပါ”ဟု KNDF ဖယ်ခုံဇုန်မှ တာဝန်ရှိသူ ကPeople’s Spring သို့ပြောသည်။
အဆုံးဖြတ်တိုက်ပွဲကာလ၌ မိမိတို့၏ တော်လှန် ရေးခံယူချက်များကို ပြတ်သားစွာ ပြသနိုင်ကြရန်အတွက် ပြည်သူလူထု တရပ်လုံးကို ဖိတ်ခေါ်ရင်း နွေဦးတော်လှန်ရေးသမိုင်းအား အတူတကွရေးထိုးကြရန် တိုက်တွန်းသည်။
ပြည်သူလူထုအနေဖြင့် စစ်ကောင်စီတပ်ဘက်မှ လှုပ် ရှားမှုများကို ပေးပို့ခြင်း၊တော်လှန်ရေးတပ်ဖွဲ့များမှထုတ်ပြန်သော ဘေးကင်းလုံခြုံရေးဆိုင်ရာသတင်းများကို လိုက်နာခြင်း၊လူငယ်များအနေဖြင့် တော်လှန် ရေးတပ်သားတွင် ပါဝင်ခြင်းနှင့်ထောက်ပို့အင်အားဖြင့် လျှို့ဝှက်စွာ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့်တော်လှန် ရေးတပ်များနှင့် ပူးပေါင်းပါဝင်နိုင်ကြောင်း ဖော်ပြ သည်။
အထက်ပါ ပူးပေါင်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-စစ်ဗျူဟာအမှတ်(၁)၏ KNDF-Pekhon Zone သို့ ဆက်သွယ်နိုင်ကြောင်းလည်းအသိပေးသည်။
လက်ရှိ ကရင်နီပူးပေါင်းတပ်များ၏ ၁၁၁၁ စစ်ဆင် ရေး၌ လွိုင်ကော်၊မိုးဗြဲ နှင့် ဖယ်ခုံ ဒေသတို့တွင် စစ်ကောင်စီစခန်းနှင့်တပ်စွဲရာ နေရာ အခု ၂၀ ထက်မနည်း ကို သိမ်းပိုက်ထားသည်။