ယင်းမာပင်မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က ယနေ့ အောက်တိုဘာလ ၆ ရက်နေ့၌ မီးဖိုချောင်သုံး ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။
မီးဘေးသင့် နေအိမ် ၄၆ အိမ်ကို လှူဒါန်းခဲ့ပြီး နေအိမ် ၁ အိမ်လျှင်ငွေ ၅၀၀၀ကျပ်၊ ဒန်အိုး၁လုံး၊ဆန်၁ပြည်၊ ဆီ ၅၀ သား၊ ရေပုံး ၁ ပုံး၊ ကုလားပဲ ၂ ဗူး၊ဆပ်ပြာ၊ ဇလုံ ၂ လုံး၊ ဇွန်း ၃ ချောင်း၊ ငါးသေတ္တာ ၁ ဗူးနှင့်သွားတိုက်ဆေး တို့ကို လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။