ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ရိုးမပေါ်ကို အထိနာနေတဲ့ အကြမ်းဖက်စစ်ကြောင်းကို ပြည်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ၆၀ မမလက်နက်ကြီးနဲ့ ပ-စ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Bago Region PDF က ဒီနေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထား ပါတယ်။
သစ်ပုတ်ကျေးရွာအုပ်စု၊ တောင်ခမောက်ရွာ နဲ့ ကိုင်းကွင်းရွာကြားကို နိုဝင်ဘာ ၁၈ ရက် ညနေ ၄ နာရီ အချိန်ခန့်က စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ပြည်သူ့ ကာကွယ် ရေး ပူးပေါင်းတပ်ဖွဲ့မှ ၆၀ မမ လက်နက်ကြီးဖြင့် ပ-စ်ခတ် တိုက်ခိုက် ခဲ့ရာမှာ ရန်သူစခန်းရဲ့ တဲအနားကို ကျရောက်ပေါက်ကွဲခဲ့ တယ်လို့ ပြောပါတယ်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင် စီဘက်က အထိခိုက် အကျဆုံး စာရင်းကို မသိရှိရသေးဘဲ အသေး စိပ်သိရှိနိုင်ဖို့အတွက် ဆက်လက် စုံစမ်းဆဲဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့ က ရဲဘော်တွေအထိအခိုက်မရှိစွာနဲ့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်ခရိုင် တပ်ရင်း ၃၆၀၁၊ တပ်ခွဲ(၅)၊ ပြည်ခရိုင် တပ်ရင်း ၃၆၀၂၊ တပ်ခွဲ ၄ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။