စစ်တပ်လုံခြုံရေးတင်းကျပ်ထားတဲ့ ရန်ကုန်မှာ ကျောင်းသားလူငယ်တွေဦးဆောင်ပြီး ဒီနေ့ အောက်တိုဘာလ(၂၅) ရက်နေ့မှာ “”အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာ ရှင်စနစ် ဖျက်သိမ်းရေးဆီသို့” ဆိုတဲ့ခေါင်းစဉ်နဲ့ စစ်အာဏာရှင်တော်လှန်ရေးချီတက် ဆန္ဒထုတ်ဖော် ခဲ့ကြပါတယ်။
ဒီနေ့ ဆန္ဒပြပွဲကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်(ဗ.က.သများအဖွဲ့ချုပ်)၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ(DPNS)၊လူ့ဘောင်သစ်လူငယ်(YNS)၊ တာမွေသပိတ်ကော်မတီနဲ့ မင်္ဂလာတောင်ညွန့် သပိတ်ကော်မတီတို့ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။