စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)တပ်နှင့် ကနီမြို့ပေါ်ရဲစခန်းထဲသို့ မောင်းသူမဲ့ လေယာဉ်ငယ် များဖြင့် ဗုံးသီး ၅ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း Salingyi Special Task Force – SSTF တပ်ဖွဲ့မှ တာ ဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇွန်လ ၆ ရက်နေ့က အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) တပ်အတွင်းသို့ Shar Htoo Waw Drone နည်းပညာ ( မောင်းသူမဲ့လေယာဉ်)များစွာ အသုံးပြု၍ စစ်ရုံးချုပ်နေရာကို အဓိကပစ်မှတ်ထားပြီး လေကြောင်း ဗုံးသီး ၅ လုံးကျဲချတိုက်ခိုက်ခဲ့ပြီး အလားတူ ကနီမြို့ပေါ်ရှိ ရဲစခန်းကိုလည်း ဗုံးသီး ၇ လုံးကျဲ ချတိုက်ခိုက်ခဲ့ကြောင်း ပစ်မှတ်များကို ထိမှန်ပေါက်ကွဲခဲ့သော်လည်း ထိခိုက်ပျက်စီးမှုကို စုံစမ်း၍ မရ သေးကြောင်း သိရသည်။
“နမခထဲဆိုတော့ အတိအကျ မသိရသေးဘူး၊ အဲအထဲကို ၅ လုံးချခဲ့တာ၊ စစ်ရုံးချုပ်နေရာတို့ အဓိကကျတဲ့နေရာတို့ကို ဆော်ခဲ့တာဗျ၊ ပြီးတော့ ကနီမြို့ပေါ် ရဲစခန်းကိုလည်း ၇ လုံးချခဲ့တယ်၊ တစ်ရက်တည်း လူခွဲပြီးချခဲ့တာပါ၊ ပြန်ပစ်ခံရတာမျိုးလဲမရှိဘူး၊ လေယာဉ်တွေထိခိုက်တာလဲ မရှိခဲ့ပါဘူးဗျ” ဟု Salingyi Special Task Force – SSTF တပ်ဖွဲ့မှ တာ ဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြား သည်။
အဆိုပါတိုက်ခိုက်မှုကို Salingyi Special Task Force – SSTF ယင်းမာပင်ခရိုင်တပ်ရင်း ၁၄ ၊ ၁၅ (Shar Htoo Waw Drone Team 4 )၊ Shar Htoo Waw Drone နည်းပညာအဖွဲ့ ၊ Mandalay GZP၊ CDSOM အနောက်ပိုင်း တိုက်ခိုက်ရေးအဖွဲ့ 001 ၊ MRTF( အရာတော်)၊ NDRF(အရာတော်)၊ KLG တပ်ဖွဲ့တို့ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။