စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲက အနောက်မြောက်တိုင်းစစ်ဌာန ချုပ်(နမခ)မှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုကို မုံရွာကာကွယ်ရေးတပ်ဖွဲ့က ၁၀၇ မမနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
မုံရွာကို အခြေတည်ပြီး အညာမြေကို လှည့်လည်အကြမ်းဖက်နေတဲ့ အကြမ်း ဖက်စစ်အုပ်စုကို ဇူလိုင် ၁၁ရက် မွန်းလွဲ ၂နာရီ၃၀နာရီခွဲမှာ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ၁၀၇ မမ တလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
ဒီတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ ထိခိုက်သေဆုံးမှုအခြေနေတွေကို စုံစမ်းအတည်ပြုနေဆဲဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက် ဇူလိုင်လ (၅)ရက်ကလည်း အဲဒီနမခ ခြံထဲကို မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ နဲ့ မုံရွာခရိုင်အမှတ် ၅ တပ်ရင်းတို့ ပူးပေါင်းကာ ၁၀၇ မမ (၃)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗဟိုကင်းကို ထိမှန်ခဲ့ပြီး ဗိုလ်အဆင့်ရှိသူအပါအဝင် ၉ဦး ဒဏ်ရာရရှိခဲ့ပြီး ၁ ဦး နေရာမှာတင် သေဆုံးခဲ့ပါတယ်။