အနောက်လွင်ပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (WPF) က လက်နက်ဖြည့်တင်းဖို့ ရည်ရွယ်ချက်နဲ့ ”အနောက်လွင်ပြင် အတွက် စနိုက်ပါ ရိုင်ဖယ်တလက်” အမည်ပေးထားတဲ့ ကံစမ်းမဲလက်မှတ် ရောင်းတဲ့ ကမ်ပိန်းကို ပြုလုပ်နေပါတယ်။
“စစ်အာဏာရှင်စနစ်ဆိုး လက်အောက်မှ ရုန်းထွက်လိုသော ရုန်းထွက်နေကြသော မိဘပြည်သူများ ခင်ဗျာ… ကျွန်တော်တို့ အနောက်လွင်ပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ လန ဖြည့်တင်း ရေးအတွက်”အနောက်လွင်ပြင်အတွက်စနို_က်ပါ ရိုင်_ဖယ် တလက်” Campaginကို ကျွန်တော်တို့ မှာရှိတဲ့ အနုပညာပစ္စည်းလေးတွေနဲ့ တော်လှန်ကံစမ်းဖို့ရန် မိဘပြည်သူတို့ထံ အသိပေးပြီး ဖြစ်ပါ တယ်။” လို့ အနောက်လွင်ပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (WPF) ကဖော်ပြထားပါတယ်။
ကံစမ်းမဲ ဆုတွေအနေနဲ့ ပထမဆု – Nikon D5600 ကင်မရာ ၊ ဒုတိယဆု – ပန်းချီကား၊ တတိယဆု – ဗိုင်းငစ်ရစ်ဘီး ၊စတုတ္ထဆု – ထန်းလှီးဓားနဲ့ ဓားနှီးအိမ် နဲ့ ပဉ္စမဆု – ကဗျာစာအုပ် တို့ပဲ ဖြစ်ပါတယ်။
ကံစမ်းမဲကာလကို ဒီဇင်ဘာ ၁၅ ရက်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၀ ရက်အထိ ပြုလုပ်မှာ ဖြစ်ပြီး တော့ မဲလက်မှတ်တစ်စောင်ကို မြန်မာငွေ ကျပ်တစ်သောင်းသတ်မှတ်ထားပါတယ်။
”အနောက်လွင်ပြင်အတွက် စနိုက်ပါ ရိုင်ဖယ်တလက်” ကမ်ပိန်းမှာ ပါဝင်မယ်သူတွေ အနေနဲ့ https://www.facebook.com/wpfldf ရဲ့ မက်ဆေ့ဘောက်ကနေ ဆက်သွယ်ဝယ်သူနိုင်ပါတယ်။