စစ်ကိုင်းတိုင်း၊မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်တွေဟာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ အမျိုးသမီး လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားပါတယ်။
NUG အမျိုးသမီး၊လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနရဲ့ ဦးဆောင်မှုနဲ့ စစ်ကိုင်းခရိုင် ပကဖ စစ်ကိုင်းခရိုင် တပ်ရင်း၅ MRA တပ်ဖွဲ့ရဲ့ ရဲဘော်တွေဟာ လှုပ်ရှားမှုမှာပါဝင်ခဲ့တာဖြစ်ပါတယ်။