စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် အတွင်းက မြွေကိုက်ခံရသူတွေကို အမေစုမွေးနေ့အကြို အထိမ်းအမှတ် အဖြစ်နဲ့ မြွေဆိပ်ဖြေဆေးတွေကို S&C ပရဟိတအခမဲ့ဆေးခန်းက လှူဒါန်းနေတယ်လို့ အသိပေးထုတ်ပြန် ထားပါတယ်။
လက်ရှိအချိန်မှာတော့ မြွေကိုက်ခံရတဲ့ ပြည်သူနှစ်ဦးကို မြွေဆိပ်ဖြေဆေးတွေ ပေးခဲ့တယ်လို့ ဓာတ်ပုံနဲ့တကွ ထုတ်ပြန်အသိပေးခဲ့တာပါ။
စစ်ရှောင်ပြည်သူတွေကို မြွေကိုက်ခံရမှု များပြားလာတဲ့အတွက် မြွေဆိပ်ဖြေဆေးတွေ လိုအပ်နေတယ်ဆိုပြီး တော့လည်း စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောထားပါတယ်။