မနေ့က ကျရောက်တဲ့ အမေများနေ့မှာ ရှမ်းးတောင် (SSPDF) အမှတ် (၁၀၀၅) တပ်ရင်းမှာ တာဝန်ထမ်းနေတဲ့ ရဲဘော် တဦး ရဲ့ အမေ နဲ့ ရဲမေ တဦးရဲ့ အဖေတို့ ဆုံးပါးသွားခဲ့တယ်လို့ 1005 Infantry ထံမှ သိရပါတယ်။
တော်လှန်ရေးအတွက် သားသမီးများကို လှူဒါန်းပေးခဲ့တဲ့ ရဲဘော်နဲ့ ရဲမေ တို့ရဲ့ အမိ၊ အဖတို့အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် တပ်ရင်း ရဲဘော်များနဲ့ အတူ ပြုလုပ်ခဲ့ တယ်လို့ SSPDF မှ မနေ့က အသိပေးပါတယ်။
အမေများနေ့မှာ တိုင်းပြည်အတွက် အဖိုးတန် သားသမီး ရတနာများ မွေးဖွား ပေးခဲ့တဲ့ မိခင်တိုင်းကိုလည်း အလေးပြုပါတယ်လို့ ဆိုပါတယ်။
1005 Infantry ရှမ်းတောင် ၁၀၀၅ တပ်ရင်းဟာ ကရင်နီ အမျိုးသား ကာကွယ်ရေးတပ် KNDF မှ လက်တွဲခေါ်ခဲ့တဲ့ တော်လှန်ရေး တပ်ဖွဲ့ တခုဖြစ်ပြီး၊ KNDF ဗျူဟာ (၇) ရဲ့ အခြေခံစစ်သင်တန်းမှ မေ ၃၀ ရက်နေ့မှာ သင်တန်းဆင်းခဲ့ကာ၊ ရှမ်း၊ ကယား အစပ်မှာ တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ တပ်ဖွဲ့ တခုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။