အမေရိကန်ပြည်ထောင်စု ၊ အိုင်အိုဝါပြည်နယ်မှာ ဧပြီ ၆ ရက်က ပြုလုပ်တဲ့ (၂၄) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဌ နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
အဆိုပါ (၂၄) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဦးအောင်ကြည်ညွှန့် ၊ အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ဒုဝန်ကြီး ဒုဝန်ကြီး ဦးအောင်ကျော်မိုး ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမိုးဇော်ဦးနဲ့ ကရင်နီ အတိုင်ပင်ခံကောင်စီ ဒုဥက္ကဌ ဒေါ် အဲဗီလင်းတို့ တက်ရောက်ခဲ့ကြတာပါ။
အခမ်းအနားမှာ အမေရိကန်ရောက် မြန်မာပြည်ဖွား ကယန်းတိုင်းရင်းသား/တိုင်းရင်းသူလေးများမှ ရိုးရာယဉ်ကျေးမှု အက အလှများဖြင့်ဖျော်ဖြေခဲ့တာပါ။
အဆိုပါ အခမ်းအနားကို အမေရိကန်ရောက် မြန်မာပြည်ဖွားတိုင်းရင်းသား ပြည်သူများတက်ရောက် ခဲ့ကြတယ် လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။