အမေရိကန်၊ ဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးရှေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပြီး စစ်သံမှူး အောင်သူရိန် ထွက်လာစဉ် “စစ်ခွေး အလိုမရှိ” ဟု ကြွေးကြော် ဆန္ဒပြကြောင်း ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ ကိုမျိုးဇော်က ပြောဆိုသည်။
“ဦးကျော်မိုးထွန်းနေရာကို လုဖို့ကြိုးစားတဲ့ အောင်သူရိန်ကို ဆန္ဒပြနေတယ်။ ပြီးတော့ ပြည်သူပိုင် အဆောက်အအုံ သံရုံးကို လုထားတဲ့ စစ်ခွေးတွေကို ဆန္ဒပြခဲ့တာပါ” ဟု ဆန္ဒပြပွဲတွင် ပါဝင်သူ ကိုမျိုးဇော်က ပြောဆိုသည်။