ဂျန်နဝါရီ ၆ ရက်နိမိုးထပိုင်းမာ အမ်းမြို့နယ်က အပြစ်မဲ့အရပ်သားပြည်သူ ၁၀ ယောက်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တိဖမ်းယူလားကြောင်း သိရပါရေ။
အဖမ်ခံရလူတိစွာ အမ်းမြို့နယ်၊ မဲ ရွာက ဦးရွှီနု(၅၄နှစ်)၊ ဦးမြင့်နိုင်(၅၄ နှစ်)၊ ကိုနေလင်းဦး(၂၉ နှစ်)၊ ကိုကျော်ထက်ခိုင်မြင့်(၂၅နှစ်)၊ ကိုဖိုးချစ်နိုင်(၁၉ နှစ်)၊ ကိုထက်မြင့်နိုင်(၁၉ နှစ်)၊ ထန်းချောင်းရွာက ဦးင/အောင်(၃၅ နှစ်)၊ ဦးတင် (၄၅ နှစ်)၊ မောင်ယဲ(၁၂ နှစ်) နန့် (၂)မိုင်ကုန်း မထည်(ကျောင်းကွင်း)က ဦဗေလုဝ (၄၀နှစ်) ရို့ဖြစ်ကတ်ပါရေ။
သူရို့ ၁၀ ယောက်စွာ ဂျန်နဝါရီ ၆ ရက်နိ မိုးထ ၉ နာရီလောက်က မြန်မာပြည်ဖက် က ဝယ်ယူထားရေ စားအုန်းဆီဗူးတိကို တောလမ်းအတိုင်းယူဖို့ လားရောက်ရာ အမ်းမြို့၊ (၃) မိုင်ကုန်းနားဟိ စပ်စိ (ကျောက်ကွင်း)အရောက်မာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တိက ဖမ်းယူလားခစွာဖြစ်ပါရေ။
လက်ဟိမာ သူရို့ ၁၀ ယောက်စလုံးကို ဇာနီရာမာ ထားလေး မသိရပိုင်၊ မိသားစုနန့်လည်း အဆက်အသွယ်မရလို့ စိုးရိမ်နီကတ်ရကြောင်း သိရပါရေ။
စစ်ကောင်စီတပ်စွာ ရက္ခိုင်မာ ရက္ခိုင့်တပ်တော်နန့် တကျော့ပြန်တိုက်စတင်ခရေ ၂၀၂၃ ခုနှစ် နိုဗမ်ဘာ ၁၃ ရက်နိကစလို့ ဒေနိအထိ ၂ လကျော်ကြာကာလအတွင်း အပြစ်မဲ့အာရက္ခပြည်သူ ၃၀၀ ကျော်ကို အကြောင်းအမျိုးမျိုးပြ ဖမ်း ဆီးထားပြီး ဖြစ်ပါရေ။