အမျိုးသမီးနဲ့ မိန်းကလေးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်ရေး ၁၆ ရက်တာ လှုပ်ရှားမှုအခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဦးဆောင်ပြီး တော့ နိုဝင်ဘာ ၂၅ ရက် မနက် ၉ နာရီမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။
အခမ်းအနားကို နိုင်ငံတော်ယာယီသမ္မတကြီး ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်တို့က မိန့်ခွန်းပြောကြားမှာ ဖြစ် ပါတယ်။
အဆိုပါ အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ ၊ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ၊ PVTV ၊ Mizzima ၊ DVB ၊ ခေတ်သစ် ၊ နွေဦးအသံ ၊ လူထုနွေဦး ၊ D Day Channel ၊ DNA ၊ ဒီလမ်း အစရှိတဲ့ ဖေ့စ်ဘွတ်ခ်ပေ့ချ်တွေကနေ တိုက်ရိုက်ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။