အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့ကျရောက်တဲ့ ဘောင်သစ်ဒီမိုကရက်ပါတီ ထူထောင်ခြင်း (၃၅)နှစ်ပြည့် အခမ်းအနားသို့ သဝဏ်လွှာပေးပို့လိုက်ပါတယ်။
သဝဏ်လွှာထဲမှာ ရှစ်လေးလုံး လူထုအရေးတော်ပုံမှ စတင်သန္ဓေတည်ခဲ့တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက ဒီမိုကရေစီအရေးနဲ့ ပြည်သူ့လွတ်မြောက်ရေးအတွက် ရပ်တည်လှုပ်ရှားခဲ့ သော နိုင်ငံရေးပါတီများအနက် သမိုင်းအစဉ်အလာ ဝင့်ကြွားသော နိုင်ငံရေးပါတီတစ်ခုအဖြစ် မြန်မာ့နိုင်ငံရေး ဖြစ်စဉ်မှာ အစဉ်တစိုက်ပါဝင်လှုပ်ရှားခဲ့သော ပါတီကြီးတစ်ခုဖြစ်တယ်လို့ ဖော်ပြ ထားပါတယ်။
အောက်တိုဘာလ (၁၄) ရက်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ (၃၅) နှစ် ပြည့်မြောက်တဲ့ နေ့ဖြစ်ပြီး သမိုင်းအစဉ်အဆက် လူထုလှုပ်ရှားမှုများတွင်သာမက ၂၀၂၁ ခုနှစ်၊ ပြည်သူ့နွေဦးတော်လှန်ရေး လှုပ်ရှားမှုကြီးမှာလည်း ပြည်သူနဲ့အတူ နိုင်ငံရေးဦးဆောင်မှု အခန်း ကဏ္ဍမှ တက်ကြွစွာပါဝင်လှုပ်ရှားလျက်ရှိတာကို တွေ့ရှိရတဲ့အတွက်လည်း ဂုဏ်ယူဝမ်းမြောက်တယ်လို့ ဖော်ပြထားပါတယ်။
ဒါအပြင် ယနေ့ကျရောက်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ (၃၅)နှစ်ပြည့်မြောက်တဲ့ နေ့ထူး နေ့မြတ်အခါသမယမှာ ပါတီခေါင်းဆောင်ကြီးများနဲ့တကွ ပါတီဝင်များအားလုံး ကိုယ်စိတ်ကျန်းမာ ကြံ့ခိုင်ပြီး ပြည်သူ့နွေဦးတော်လှန်ရေးတာဝန်များကို ပြီးဆုံးတဲ့အထိ အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် အခြားသောတော်လှန်ရေးအင်အားစုများနဲ့အတူ လက်တွဲပူးပေါင်း ဆောင်ရွက်နိုင်ပါစေ လို့လည်း သဝဏ်လွှာထဲမှာ ဖော်ပြထားတာ တွေ့ရပါတယ်။