အမျိုးသားညီညွတ်ရေးအစိုးရက “ပြည်သူ့အစိုးရ၏လူသားစာနာအရေး ကြိုးပမ်းမှု၊ ပြည်သူ့ကျန်းမာရေး စိန်ခေါ်ချက်နှင့် မျှော်လင့်ချက်များ” ခေါင်းစဉ်နဲ့ သတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၁၀ ရက် (မနက်ဖန်) မနက် ၁၀ နာရီမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။
သတင်းစာရှင်းလင်းပွဲကို လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန နဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့က ပြုလုပ်သွားမှာဖြစ်ပြီး မြန်မာပြည်သူများ လူသားချင်းစာနာမှုအကူအညီများ ၊ ကျန်းမာရေးစောင့်ရှောက်မှုများရရှိရေးအတွက် စိန်ခေါ်မှုများနှင့်အခက်အခဲများကြားမှ ကြိုးပမ်းမှု တွေကို ရှင်းလင်းတင်ပြသွားမှာဖြစ်ပါတယ်။
သတင်းစာရှင်းလင်းပွဲကို PVTV ၊ Radio NUG ၊ DVB ၊ Red Peacock ၊ Mizzima ၊ People’s Spring ၊ D Day Channel ၊ ခေတ်သစ် ၊ နွေဦးအသံ ၊ သံလွင်တိုမ်း နဲ့ ဒီလမ်း ဖေ့စ်ဘွတ်ခ်ပေ့ချ်တွေကနေ တိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။