စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်းမှာ အခြေစိုက်ထားတဲ့ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) ရဲ့ စစ်သင်တန်းဆင်းပွဲကို မနေ့ ဖေဖော်ဝါရီ ၁၉ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
သင်တန်းဆင်းပွဲမှာ NLA ဦးစီးတာဝန်ခံနဲ့ 96 Soliders တာဝန်ခံ ကိုဇေယျာလွင်တို့က သင်တန်းဆင်း အမှာစကားပြောကြားခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အဲ့ဒီ့သင်တန်းဆင်းပွဲမှာ သင်တန်းသား ၇၀ ဦးပါဝင်ပြီး စစ်ကောင်စီလက်အောက်မှာ စစ်မှုမထမ်းလိုတဲ့ လူငယ်တွေအနေနဲ့ NLA မှာ ဝင်ရောက်နိုင်တယ်လို့ ဖိတ်ခေါ်ထားပါတယ်။