အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးဖြစ်တဲ့ မော်လမြိုင်-ရေး-ထားဝယ် လမ်းမကြီးကို ကရင်အမျိုးသာ လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့က ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။
KNLA နဲ့ PDF တပ်တွေဟာ လမ်းမကြီးပေါ်ခရီးသွားပြည်သူတွေ၊ ကားမောင်းသမားတွေ နေ့တိုင်းစစ်ဆေးနေပြီး စစ်ကောင်စီတပ်နဲ့ပတ်သက်တဲ့ အရာတွေ မသယ်ဆောင်ကြရန်အတွက် မေတ္တာရပ်ခံထားပါတယ်။
အဲ့ဒီ့လမ်းပေါ်မှာ စစ်ကောင်စီတပ်ဟာ မသွားလာရဲတော့ဘဲ တော်လှန်ရေးအဖွဲ့တွေကသာ ကျန်ရှိတဲ့ စစ်ကောင်စီတပ်ကို သွားရောက်တိုက်ခိုက်တာတွေရှိတယ်လို့ တောင်ညိုစစ်ကြောင်းက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ မနေ့က ဘုရားသုံးဆူလမ်းဝ၊ သက္ကော့လမ်းဝဂိတ်ကို ဒရုန်းနဲ့ ဗုံးကြဲခဲ့ပါသေးတယ်။
တောင်ညိုစစ်ကြောင်းနဲ့ KNLA တပ်တွေဟာ ရေးမြို့နယ်အတွင်းက စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေပြီး အပြင်စခန်းကြီးရွာက စစ်ကောင်စီတပ်ကို အောက်တိုဘာလအတွင်းမှာ တိုက်ခိုက်ခဲ့ပါသေးတယ်။