အာဏာသိမ်း စစ်အုပ်စုက လက်နက်အားကိုးနဲ့ လူသတ်၊ လုယက်၊ မီးရှို့လို့ နေအိမ်မီးလောင်ပြာကျပြီး အိုးမဲ့အိမ်မဲ့ ဖြစ်နေတဲ့ စစ်ကိုင်းတိုင်း အရာတော်နယ် မီးရှို့ခံ ကျေးရွာတစ်ရွာက ဒေသခံပြည်သူတွေကို အရာတော်မြို့နယ် လူထုသပိတ် ဦးဆောင်ကော်မတီက ဒီနေ့ မေ(၃၁)ရက် ညဦးပိုင်းမှာ လေကြောင်းရန် ကာကွယ်ရေး အသိပညာပေးတာ၊ ဖက်ဒရယ် ဒီမိုကရေစီဆိုင်ရာ အခြေခံသဘောတရား ဟောပြောတာနဲ့ မသောက်မိသော မိုးခါးရေ ဇာတ်ကား ပြသတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သတင်း ရရှိပါတယ်။