စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်မှာ ဒေသခံပြည်သူများ ကျန်းမာရေး စောင့်ရှောက်မှုရရှိစေရန်အတွက် ဆေးခန်း ၁ ခန်း ဖွင့်လှစ်ပေး ခဲ့တယ်လို့ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ဒီနေ့ ရက်စွဲနဲ့ အသိပေးထုတ်ပြန်ထားပါတယ်။
ပြည်သူ့ကျန်းမာရေး ဆေးခန်းဖွင့်ပွဲအား ဒီဇင်ဘာ ၅ ရက်နေ့မှာ မြို့နယ် (ပအဖ)၊ မြို့နယ် လူသားစာနာတာဝန်ခံ၊ မြို့နယ်ကျန်းမာရေး တာဝန်ခံ၊ ရွေ့လျားကျန်းမာရေး ဆရာဝန်တို့မှ ဆေးခန်းဖွင့်လှစ်ပေးခဲ့ ပြီး၊ မြို့နယ် ကျန်းမာရေးတာဝန်ခံ နဲ့ မြို့နယ်လူသားစာနာတာဝန်ခံ တို့မှ ထောက်ပံ့မှုများ ပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။