မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရှိ တိုင်းရုံးနှင့် ဆီသိုလှောင်ရုံကို မောင်းသူမဲ့ လေယာဥ်ငယ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း KNDO တပ်ရင်း ၆ DRONE အဖွဲ့မှ တာဝန်ရှိသူ တစ်ဦး ပြောဆိုသည်။
အောက်တိုဘာလ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၅၁ မိနစ် နှင့် ၅၅ မိနစ်တို့တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရှိ တိုင်းရုံးနှင့် ဆီသိုလှောင် ကန်တို့ကို တော်လှန်ရေး တပ်ဖွဲ့များက မောင်းသူမဲ့ လေယာဥ်ငယ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ထိခိုက်မှု အတိအကျတော့ မသိရသေးပါဘူး။ မနေ့က ညနေ ၄ နာရီ ၅၁မိနစ်မှာ ရတခ တိုင်းရုံး နဲ့ ၄ နာရီ ၅၅ မိနစ်မှာ ဆီသိုလှောင်ရုံ တို့ကို တိုက်ခိုက်ခဲ့ပါတယ်”ဟု KNDO တပ်ရင်း ၆ DRONE အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို KNDOတပ်ရင်း ၆ Droneတပ်ဖွဲ့ နှင့် ရှားထူးဝေါ် နည်းပညာ လက်အောက်ခံ Alpha Bats (Drone Force) အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။