(၃၇)မင်း နတ်တွေထဲ မှာ ခရိုနီကနေ ဖြစ်လာတဲ့ နတ် ရှိပါတယ်။
ထူးခြားတာက သူက နိုင်ငံခြားသားပါ။
သူ့နာမည် အရင်းက နာဗေလ တဲ့။ သီရိလင်္ကာကနေ မြန်မာပြည်ကို ရောက်လာတဲ့ ဆင်ဟာလိစ်လူမျိူး ပါ။
သီရိလင်္ကာနိုင်ငံ၊ ဓာတုသေနမင်းရဲ့ သားတော်ငယ် လို့လဲ ဆိုပါတယ်။
နန်းလုရင်းနဲ့ ရှောင်တိမ်းလာတဲ့သူဟာ..ဘင်္ဂလားဒေ့ရ်ှကနေတဆင့် ပုဂံပြည်ကို ရောက်လာပါတယ်။
ပစ္စည်းဥစ္စာအများအပြားလည်း ပါလာလို့ စုက္ကတေးမင်းက သူ့ကို နိုင်ငံရေးခိုလှုံခွင့်ပေးခဲ့ပါသတဲ့။
ဘုရင်ဖြစ်လာမယ့် အနော်ရထာမင်းသားနဲ့ ပွေးဖော်ပွေးဖက်တွေဖြစ်ပြီး အနော်ရထာပုဂံထီးနန်းကို သိမ်းဖို့အရေးမှာ..နာဗေလ က ငွေကြေးစပွန်ဆာပေးခဲ့ပါတယ်။
အနော်ရထာနန်းတက်လာချိန်မှာတော့..ဗုဒ္ဓသာသနာဝင်ရောက်လာတာနဲ့အညီ ဗုဒ္ဓဘာသာနိုင်ငံ သီရိလင်္ကာက လာတဲ့..နာဗေလ ဟာ နေရာရခဲ့ပါတယ်။
အနော်ရထာမင်းက ဘဒ္ဒသူကြွယ် ဆိုတဲ့ဘွဲ့ကို ပေးပါတယ်။
ဘဒ္ဒသူကြွယ်ကနေ ဘသူကြွယ် ဆိုပြီး နာမည်တွင်လာပါတယ်။
သီရိလင်္ကာ က စွယ်တော်ပင့်ဆောင်တဲ့အခါမှာလည်း သူက ပင့်ဆောင်ရေးအဖွဲ့ခေါင်းဆောင်ပါတဲ့။
အနော်ရထာဟာ ဘသူကြွယ်ကို နယ်မြေမြို့ရွာသစ်.ထူထောင်ပြီး အပိုင်စားပေးဖို့ သလ္လာမြစ် ခေါ် ချင်းတွင်းမြစ်ဝှမ်းတစ်လျှောက် ရှာဖွေစေခဲ့ပါတယ်။
(အဘတွေလက်ထက် ခရိုနီကြီးတွေကို မြေကွက်တွေ လုပ်ကွက်တွေ ချပေးကြတဲ့သဘောမျိုးပေါ့။)
ဘသူကြွယ်အတွက် မြင်း ၅၀၀၊ မြင်းသည်တော် ၅၀၀၊ ဆင် ၅၀၊ ဆင်သည်တော် ၅၀၀၊ သူရဲသူခက် ၅၀၀ နဲ့ လှေအစင်း ၁၀၀ တောင်ပေးလိုက်ပါသေးတယ်။
ဘသူကြွယ် ဟာ အခု မုံရွာတဝိုက်က ဗဒုံမြို့ ကို စတည်ထောင်ခဲ့ပါတယ်။
အဲ့ဒီနားရွာတစ်ရွာက မုန့်ရောင်းတဲ့ ဗမာ့စကီလေးတစ်ပါးကိုလည်း သိမ်းပိုက်ပါတယ်။
နဂစန္ဒာမိဖုရားကြီးဆိုပြီးတောင် ဘွဲ့ပေးလိုက်ပါသေးတယ်။
အဲ့မုန့်သည်စကီလေးရဲ့ ရွာကိုလည်း မုန့်သည်မရွာ လို့ အမည်တွင်စေပြီး ကာလရွေ့လျောတော့ မုံရွာဖြစ်လာပါသတဲ့။
အနော်ရထာကြီးက သူ့ ကို အလကားပဲတင်း..ရက်ရက်ရောရော မြေကွက်တွေချပေးတာလားဆိုတော့..မဟုတ်ပါဘူး။
ဘသူကြွယ်ဟာ သုံးနှစ်တစ်ကြိမ် အနော်ရထာကို ရွှေပန်းခိုင်၊ ငွေပန်းခိုင်၊ ပဲပြောင်းနှမ်းဝါ နဲ့ လယ်မြေခွန် ဆယ့်ဖို့တစ်ဖို့ ဆက်သရပါတယ်။
အနော်ရထာအတွက် လက်အောက်ခံမြို့တစ်မြို့လည်းတိုး၊ အခွန်လည်းတိုးရ အဆင်ပြေသလို…ဘသူကြွယ် အတွက်လည်း နေရင်းထိုင်ရင်း နေရာသစ်မှာ မြို့စားနယ်စားဖြစ်ရတာပါ။
ဒါပေမယ့်..အနော်ရထာ..ကျွဲစာမိပြီး..မာလကီးယားသွားတဲ့နောက်..သားတော်စောလူး ရဲ့ အစိုးရသစ် နဲ့ ဗဒုံမြို့တည် မြို့စားကြီး ဘသူကြွယ် အစေးမကပ်တော့ပါဘူး။
အူကြောင်ကြားဘုရင်ဆိုပြီး ဘသူကြွယ်က အခွန်အတုပ် တွေ မှန်မှန်မဆက်ပဲ…လူလည်ကျပုံရပါတယ်။ အခုခေတ်လိုပေါ့..ငိ။
(ပုဂံကို ပို့တဲ့လမ်းမှာ အခွန်တွေ ဖြတ်လုခံရတယ်ဆိုတာကတော့..မဖြစ်နိုင်ဘူးထင်မိ)
သက္ကရာဇ် ၄၂၃ မှာ စောလူးမင်း နဲ့ ဘသူကြွယ် စစ်ဖြစ်ကြပါတော့တယ်။
နောက်ဆုံး ဘသူကြွယ်ခေါ် နာဗေလ ဆိုတဲ့ ပုဂံပြည်က ဆင်ဟာလိစ်ခရိုနီကြီးဟာ ချင်းတွင်းမြစ် ချောက်ကမ်းပါးတစ်ခုကနေ လူရော မြင်းပါ ခုန်ချပြီး စူးစိုက်လုပ်သွားပါတော့သတဲ့။
အဲ့မှာ…အလုံဘိုးတော်ကြီးဆိုပြီး နတ်ဖြစ်တော့တာပဲ။
အောင်မယ်..ခရိုနီနတ်များ တန်ခိုးကြီးချက်က..သူတင်မဟုတ်…
သူ့ စစ်ရေးချုပ် သံဘိုမင်း ခေါ် စာရေးတော်မင်း၊ သူသမီး ဂျီဝမ်းရာထူးလိုယူထားတဲ့ စစ်သူကြီးမ ကြီးခေါင်ရှင်၊ သူ့ ပီအက်စ်အို လဘို့ရှင်ကြီး၊ သူမြေး မောင်ကျောက် ခေါ် ရွှေကျောက်ဆောင်နတ်၊ သူ့မြေးမ မငွေတောင်..စသဖြင့်….တလှေကြီး နတ်ဖြစ်ကုန်တာနော်..။
အလုံဘိုးတော်ကတော့..ဂေါ်တယ်..အခုခေတ်ထိ ပူဇော်ပသခံနေရတုန်းပဲ။
အခုခေတ် ခရိုနီကြီးတွေလည်း….လပ်တီးသခင်ကြင်စိုး က တစ်ယောက်ပြီးတစ်ယောက်ဖမ်းပြီး ငွေညှစ်နေတာခံမယ့်အစား.နူဂျီဘက်က အပြတ်ရပ်တည်လိုက်။
ဒါမှမဟုတ်ရင်လည်း..အလုံဘိုးတော်လမ်းလိုက်ပြီး နီးစပ်ရာချောက်ထဲ ကားမောင်းပြီးသာ ဆင်းသွားကြဗျိုး။
အဲ့ဒါကမှ..နတ်ဖြစ်ချင်..ဖြစ်ဦးမယ်နော့။ နတ်မဖြစ်လည်း မူလီလောက်ဖြစ်မှာပါ..နော့။
(အကျယ် သိချင်သူများ.စိန္တကျော်သူ ဦးသြ ရဲ့ သမိုင်းလင်္ကာပေါင်းချုပ် နှင့်.မောင်သန်းဆွေ(ထားဝယ်)ရဲ့ မြန်မာ့ရိုးရာနတ်ယုံကြည်မှုဓလေ့ (ဒုတိယတွဲ) တွင် ရှာဖွေကြပါကုန်)
ခက်ဇော်