အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် (ADPRA) ယင်းမာပင် ခရိုင်၊တပ်ရင်းအမှတ် (၃၀) မှ ရဲဘော်များ နဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတခုမှ ပူးပေါင်းတီထွင်ထားတဲ့ လက်လုပ် RPG ထုတ်လုပ်အောင်မြင်တယ်လို့ အာဏာရှင်တော်လှန်ရေးပြည်သူ့ တပ်မတော်မှ ဒီနေ့ရက်စွဲနဲ့ အသိပေးပါတယ်။
ယင်းမာပင်ခရိုင်၊ တပ်ရင်း အမှတ် (၃၀) တပ်ခွဲ (၂) ရဲ့ လက်နက် ထုတ်လုပ်ရေးတပ်စုက ရဲဘော်များ နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တခုမှ ထုတ်လုပ်ရေးဆရာတို့ မှ လက်လုပ် RPG ကို ထုတ်လုပ် နိုင်ခဲ့တာပါ။
အာပီဂျီ ၁ လက် နဲ့ အာပီဂျီ ဗုံးသီး ၅ ခုကို မြန်မာငွေ သိန်း ၆၀ ကျပ် ခန့်ကုန်ကျခဲ့တယ်လို့ ဆိုပါ တယ်။ စမ်းသပ်ထုတ်လုပ်မှုမှာ လိုအပ်ချက် အနည်းငယ်ရှိပေမယ်၊ ရှေ့တန်း စစ်မြေပြင်တွေမှာ အသုံးပြုနေတယ်ဆိုတာ နဲ့ နည်းပညာ အဆင့်မြှင့်တင်ပြီး၊ ထုတ်လုပ်မျှဝေအသုံးပြုနိုင်ဖို့ လိုအပ် ချက်တွေ ရှိနေသေးတယ်လို့လည်း ဖော်ပြထားပါတယ်။