အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို သံဃာတော်များက “ရန်သူက ရန်သူပီသတယ်၊ယုတ်မာကောက်ကျစ်တဲ့နေရာမှာ အင်မတန်ကျွမ်းကျင်တယ်၊ ဒါကို မမေ့ဘဲ သတိရှိရှိတော်လှန်ကြဖို့လိုတယ်။” စာတန်းများ ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။