အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို သံဃာတော်များက “အချိန်ကြာပေမဲ့ ပန်းတိုင်ဆီကို တလှမ်းခြင်းစီလှမ်းခဲ့တာ အခုဆိုအရွေ့တခုသို့ရောက်နေပါပြီ၊အားတင်းပြီးသာရှေ့ဆက်ကြပါစို့။” စာတန်း ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။