အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ မတ် ၅ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို သံဃာတော်များက “ဦးဇင်းတို့ နေ့စဥ်မပျက် အဓမ္မစစ်အာဏာရှင်ကိုတွန်းလှန်တာဟာ ဓမ္မကိုတည်ဆောက်နေခြင်းပါ၊ဒါဟာလည်း ဓမ္မကိုချစ်တဲ့ရဟန်းတွေရဲ့ကိုယ်စားပါပဲ။” စာတန်း ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။