အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ မတ် ၁၄ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို သံဃာတော်များက “မတရားတဲ့စစ်မှုထမ်းဥပဒေလုပ်တာကို လျော့တွက်မနေနဲ့၊လူယုတ်မာတွေဟာ ကျရှုံးခါနီးလေ တိုးယုတ်လေလုပ်မှာပါ၊ငြိမ်ခံမလား၊တွန်းလှန်မလားရွေးချယ်ပါ။” စာတန်း ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။