အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ မေလ ၂၇ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို “ငါတို့ပါမှပြီးမယ်၊ သွေးမအေးဘူး၊ အဆုံးထိသွားမယ်၊ ငါတို့နိုင်ကိုနိုင်ရမယ်ဆိုတဲ့စိတ်ဓာတ်ဟာ ဒီတော်လှန်ရေးရဲ့ အောင်ပွဲပဲ” စာတန်း ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။