အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ ဇွန်လ ၉ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို “စစ်ကောင်စီ အလိုကျ ဖြစ်ပြီး ပြည်သူကို ဗဟိုပြုတဲ့ စာမေးပွဲမဟုတ်လို့ ဂုဏ်ထူးနဲ့အောင်အောင် ရိုးရိုးပဲအောင်အောင် ငါတို့ကတော့ရွံတယ်” စာတန်း ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။