အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ်အင်အားစုမှ ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို “ဇာတ်ရည်လည်းလည်ပြီ ဇာတ်သိမ်းလည်းသိပြီ မိုးမလင်းသေးတာတစ်ခုပဲရှိတယ်။ ရောင်နီကို အတူကြိုကြမယ်၊ စည်းလုံးထားကြစို့၊ သွေးမကွဲကြေး” ခေါင်းစဥ်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။