အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ်အင်အားစုမှ ယနေ့ စက်တင်ဘာ ၃၀ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို “ပြည်သူတွေ ပြင်းပြတဲ့ဆန္ဒရှိရင် ဘယ်အရာမှမဖြစ်မြောက်တာမရှိပါဘူး၊ဆန္ဒကြီးကြီးထား၍ပါဝင် ဉာဏ်နှင့်ယှဥ်၍တော်လှန် ငါတို့မုချနိုင်ရမည်” စာတန်း ကိုင်ဆောင်ပြီး ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။