အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ်အင်အားစုမှ ယနေ့ အောက်တိုဘာ ၁၂ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို “ပြည်သူကိုပစ်မှတ်ထားနေတဲ့ အကြမ်းဖက်စစ်တပ်ရှိနေသ၍ လိုင်ဇာသာမက တစ်နိုင်ငံလုံး စစ်ရေးသတိ အမြဲရှိနေမှဖြစ်မယ်” ခေါင်းစဥ်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။