အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ်အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာ ၃ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို “စခန်းနဲ့ လနတွေကို တောင်တန်းမှာလည်းသိမ်း အညာမှာလည်း သိမ်းနေပြီမို့ ပြည်သူ့အောင်ပွဲ မဝေးတော့ပါဘူး၊ အားတင်းပါဝင်ပေးကြပါဦး။” စာတန်းများကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။