အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ်အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာ ၁၅ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို “ခံယူချက်နဲ့တိုက်နေတဲ့ပြည်သူဟာ အာဏာရှင်ကိုအလိုမရှိကြောင်း တလှိုင်းပြီးတလှိုင်းနဲ့သက်သေပြနေပြီ လက်နက်ချ၍ပြည်သူနဲ့အတူပူးပေါင်းပါလို့ ဖိတ်ခေါ်ပါတယ်။” စာတန်းများကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။