အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ်အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာ ၅ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို “ပြည်သူနဲ့အတူ ပူးပေါင်းရန်မှာနောက်ကျတယ်မရှိပါဘူး၊အမှားသိ၍ရပ်ကာ စစ်မိစ္ဆာကိုစွန့်ခွာကြ၊ပြည်သူနဲ့အတူပူးပေါင်းကြပါ။” စာတန်းများကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။