အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို သံဃာတော်များက “အဓမ္မဟာလမ်းပျောက်၍ဓမ္မဟာလမ်းမှန်ပြန်ရောက်နေပြီ၊ဘေးမသွေးနဲ့၊မဆွေးနွေးနဲ့၊သွေးမအေးနဲ့၊ဓမ္မနိုင်ကိုနိုင်ရမည်။” စာတန်း ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။