အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၈ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို သံဃာတော်များက “ရန်သူဟာ အရှုံးတွေနဲ့ ပြာယာခတ် ဗျာများနေချိန်ရောက်ပြီမို့ ငါတို့အားလုံးပို၍စည်းလုံး ပို၍ပူးပေါင်းပို၍အားထုတ်တွန်းလှန်ကြဖို့လိုအပ်တယ်။” စာတန်း ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။