အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၁၂ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို သံဃာတော်များက “တော်လှန်ရေးမှာ အထောက်ပံ့လောက်ကလွဲရင် ဘယ်ကယ်တင်ရှင်မှ မရှာနဲ့၊ကိုယ့်လွတ်လပ်ခွင့်ဟာ ကိုယ်တိုင်ရယူ(တိုက်ယူ)မှရမှာဖြစ်တယ်။” စာတန်း ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။