အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို သံဃာတော်များက “ထွက်ပေါက်ကိုချည်းပဲ ရှာမနေကြပါနဲ့၊ဖေါက်ထွက်ရမယ့် အချိန်အခါမျိုးပါ၊ပြိုင်တူရုန်းဖို့ပဲ လိုပါတယ်။ #ဦးဝင်းတင်” စာတန်းများ ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။